Tuesday 2 August 2011

ဖိနှိပ်ခြင်းနှင့် အမတ်မင်း

ယင်းစကားအရ ဆရာတော်ကဆိုလိုသည်မှာ အလိုတော်ရိအမတ်များ၏ ဆင်ခြေစကားအတိုင်းပင်လျှင် အလွန်တရာ အနှစ်သာရပြည့်ဝသည့်ပြည်သူတို့၏ ချမ်းသာစီးပွားရနိုင်သော ဒိုင်အာခီအုပ်ချုပ်ခြင်း နည်းစနစ်ဖြစ်သည်ဟု အထူးတမွန် အလွန်အမင်း ကြော်ငြာထားသော နည်းသစ် စည်းကမ်းမှာ အမတ်တို့က ပြည်သူဆင်းရဲ့သားတို့၏ ရထိုက်သော အောက်ဆုံးတန်းစံ လွန်လပ်စွာနေထိုင်ပြောဆိုခြင်းပင်လျှင် မရနိုင်အောင် မတရား ပိတ်ပင် ဖိနှိပ်သောအမိန့်မျိုးကိုမျှ ကောင်စီအမတ်တို့က မတားဖြစ်နိုင်ကြောင်း ထင်းရှားလှ၏ဟု ဆိုရပေလိမ့်မည်။ 

ဟင်ဒူသတင်းစာက ဆိုသည်မှာ ဗြိတိသျှအစိုးရတို့က အိန္ဒိယပြည်အတွက် အလွန်အံ့ဖွယ်ဖြစ်အောင်ပြုလုပ်ပေဘိ၏။ 

သို့ရာတွင် အိန္ဒိယပြည်အတွက် အလွန်အံ့ဖွယ်ဖြစ်အောင်ပြုလုပ်ပေဘိ၏။ 

သို့ရာတွင် အိန္ဒိယပြည်သူတို့ကို ကြွေးတင်ကျွန်ဖြစ်သော ဘဝမရောက်မှီ၎င်း အစိုးရတို့၏ 
ရာထူးဟူသမျှတို့မှာ အိန္ဒိယတိုင်းရင်သားတို့ပြည့်နှက်စွာ မဝင်ရောက်ရခင်၎င်း၊ ဟုမ္မရူးပေခဲ့လျှင်ကား 
ထိုသို့ပေးခြင်းအတွက် မော်ကွန်းရေး၍ သေလာအက္ခရာ ကျောက်စာတင်သင့်ပေမည်ဖြစ်ကြောင်း။ 

အဘယ်ကြောင့်မူကား ဗြိတိသျှအစိုးရတို့သည် ပြောဆို ကတိထားသောအခါ၌မူကား ထိုင်သို့ပြောဆိုဝန်ခံတတ်၏။ 

ထိုသို့ဝန်ခံသည့်အတိုင်းပေးသောအခါကျမှ စည်းကမ်းစနစ်တို့ကို သွယ်ဝိုက်ကျဉ်းမြောင်းအောင်လုပ်ကိုင်၍ ထိုကတိထားခဲ့သည့်အတိုင်း လက်မြှောက်ယူသူတို့က မယူနိုင်အောင် ဆိုးဝါးသည် ဖြစ်လေဘိ၏။ 

ဤအလိုတော်ရိများသည် ဗြူရိုကရက်အစိုးရ၏ အချစ်တော်များ ဖြစ်ကြသည်။ 
သို့ရာတွင် သာမညပုဂ္ဂိုလ်များမဟုတ်လှချေ။ 

ထိုပုဂ္ဂိုလ်တို့သည် အလွန်ပညာတတ်မြောက်ကြသည့်ပြင်လောက၏ အလေ့အလာကိုလည်း သိကျွမ်းသူများဖြစ်ကြသည်။ 

သို့ရာတွင် ထိုပုဂ္ဂိုလ်တို့၏ အယူအဆမှာကား ဗြူရိုကရေစီအစိုးရတို့သည် ထိုပုဂ္ဂိုလ်တို့ထက် အလွန်အင်အား ကြီးမားလှသည့်အတွက် ခုခံတိုက်ခိုက်ရန် ခက်ခဲ့လှသည်ဟု ထင်မှတ်လျက်နေကြသည်။ 

ဤတွင်သာ ထိုပုဂ္ဂိုလ်တို့ခတ်ခဲခြင်းရှိလေသည်။ 

ထို့ကြောင့်လွတ်လပ်ရေးကို တားဆီးပိတ်ပင်လျက်ထားသောတံခါးကို ထိုပုဂ္ဂိုလ်တို့ ချိုးဖဲ့ဖောက်ဖျက်ခြင်းမှာ သြဇာအောက်တွင် လုပ်ကိုင်နေကြရသည် ဖြစ်၍ ၎င်းတို့အနက် အချို့သောပုဂ္ဂိုလ်တို့သည် စိတ်ပျော့အိညွတ်ပြောင်းရှိခြင်း၊ အစိုးရဘက်သို့ ယိမ်းယိုင်ခြင်းရှိရသည်။

No comments:

Post a Comment